Description:
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုလုပ်ငန်းစဉ်သည် ရှေ့ဆက်မရွေ့ဘဲ တိုးတက်မှုဆိတ်သုဉ်း နေဆဲဖြစ်သည်။ ၁၄ လခန့် နှောင့်နှေးကြန့်ကြာသွားပြီးနောက် အနည်းငယ်အပြုသဘောဆောင်သည့် အရွေ့ကို ဆောင် ကျဉ်းမည့် ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ(UPC-21CP)” ကို ယခုနှစ် ဇူလိုင်လလယ်၌ နေပြည်တော်တွင် စီစဉ်ကျင်းပခဲ့သည်။ ထိုသို့ ကျင်းပခဲ့လင့်ကစား အဓိကကျသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ သယံဇာတအရင်းအမြစ်ခွဲဝေသုံးစွဲရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးကဲ့သို့သော ကိစ္စရပ်များပါဝင်မှုမရှိခဲ့ပေ။ တကယ်တမ်း၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ် သည့် သာမညောင်ညကိစ္စ(၁၄)ရပ်ကိုသာ ဆွေးနွေးသဘောတူနိုင်ခဲ့ကြသည်။ အဆိုပါအချက်များကို ယမန်နှစ် UPC-21CP အစည်းအဝေး၌ တစ်စိတ်တစ်ပိုင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် “ပြည်ထောင်စု သဘောတူညီချက်”အတွင်း ထည့်သွင်းပေါင်းစပ်ခဲ့ကြသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ပင် ပြည်ထောင်စုသဘောတူညီချက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အ လက်များသည်လည်း အလွန်ရှုပ်ထွေး၍ ဝိရောဓိဖြစ်နေဆဲဖြစ်သည်။ နယ်စပ်ဒေသတစ်လွှား၌ အာရှဒေသ၏ အရှည်ကြာ ဆုံးသော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် လက်ရှိအချိန်ထိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး မည်သည့်အရပ်သို့ အမှန်တကယ်ဦးတည်လျက်ရှိကြောင်း သတ်မှတ်ဆုံးဖြတ်နိုင်ရန် အလွန်ခက်ခဲနေဆဲ ဖြစ်သည်။
Source/publisher:
Transnational Institute (TNI)
Date of Publication:
2018-10-08
Date of entry:
2019-01-06
Grouping:
- Individual Documents
Category:
Geographic coverage:
- Myanmar
Countries:
Myanmar
Language:
(Burmese မန်မာဘာသာ)
Format:
Size:
Resource Type:
text
Text quality:
- Good
