Islam

expand all
collapse all

Individual Documents

Description: "၁။ ဤကောင်းမြတ်သော နေ့ထူးနေ့မြတ်ကိုဆင်နွှဲနေကြသော မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း ရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ဘေးကင်းလုံခြုံ ကျန်းမာစွာဖြင့် ငြိမ်းချမ်းသာယာစွာ ရှိကြ ပါစေကြာင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆုမွန်ကောင်း တောင်းအပ် ပါသည်။ နှစ်စဥ်နှစ်တိုင်း ဇွလ်ဟဂျ်လ (၁၀) ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များက စုပေါင်း ဝတ်ပြုဆုတောင်းခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းများဖြင့် ကုရ်ဘာနီ စွန့်လွှတ်လှူဒါန်းမှု အီးဒ်ပွဲတော်နေ့ကို ဆင်နွှဲကြပါသည်။ ၂။ ယနေ့အချိန်အခါ၌ မိမိတို့နိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် လက်နက် ဖြင့် တိုင်းပြည်အား ထိန်းချုပ်ထားနိုင်ရန်အတွက် လူမဆန်သော အကြမ်းဖက်မှုများကို စနစ်တကျ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူလူထုအားလုံးသည် ဆင်းရဲဒုက္ခများစွာဖြင့် အခက်အခဲအမျိုးမျိုး ကို ရင်ဆိုင်နေကြရပြီး လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ပါသည်။ ၃။ နွေဦးတော်လှန်ရေးသည် နိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ၊ လူမျိုးအသီးသီးက မတူကွဲပြား မှုကို စုစည်းပြီး ခိုင်မာသောအင်အားအဖြစ် တည်ဆောက်ကာ ပိုမိုလွတ်လပ်၍ တည်ငြိမ်အေးချမ်း သော ဒီမိုကရေစီလူမှုအသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် ကျရာကဏ္ဍ အသီး သီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးတွင် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ၄။ ကြုံတွေ့နေရသော အခက်အခဲ၊ စိန်ခေါ်မှုများကို ပြည်တွင်း၊ ပြည်ပရှိ အစ္စလာမ် ဘာသာဝင်များကလည်း လက်တွဲရင်ဆိုင်ဖြေရှင်းကာ အတူလျှောက်လှမ်းနေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် အရောင်အသွေးစုံလင်သည့် အနာဂတ်မြန်မာနိုင်ငံတော်သစ်ကို ပိုမို စည်းလုံးညီညွတ်မှုများဖြင့် အတူတကွ ရှေ့ဆက်၍ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2023-06-29
Date of entry/update: 2023-06-29
Grouping: Individual Documents
Language:
Format : pdf
Size: 388.95 KB
more
Description: "၁။ ယနေ့ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ တစ်လတာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးနောက် ပြုလုပ်ကျင်းပသည့် အီဒုလ်ဖိသိရ်ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် နိုင်ငံ တစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်အပေါင်း စိတ်နှလုံးအေးချမ်းသာယာ၍ ဘေးကင်းပါစေကြောင်း ဆုတောင်းစကား ပါးအပ်ပါသည်။ ၂။ ခန္တီတရားဖြင့် အပြစ်ဒုစရိုက်များအား ရှောင်ရှားကာ ကျင့်သုံးဆောက်တည်ရခြင်း ဖြစ်သည့် ရမဒ္ဒါန်ဥပုသ်ဆောက်တည်ခြင်း၏ အနှစ်သာရများသည် ကိုယ်ချင်းစာတရားများ ထွန်းကား စေလိုခြင်း၊ ဖေးမကူညီခြင်းများနှင့် ငြိမ်းအေးသော လမ်းသို့ လျှောက်လှမ်းခြင်း ဖြစ်သည့်အတွက် လူ့ဘောင်အဖွဲ့အစည်းအတွင်း အပြန်အလှန် စုစည်းညီညွတ်မှုကို ဖော်ညွှန်းရာ ရောက်ပါသည်။ ၃။ ခေတ်အဆက်ဆက်တွင် ဘာသာရေးကို အကြောင်းပြ၍ ဘာသာဝင် တစ်စုနှင့်တစ်စု အကြား အဓိကရုဏ်းများ၊ ပဋိပက္ခများ ဝမ်းနည်းစွာ ကြုံခဲ့ရခြင်းများသည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှ ဘာသာရေးအား နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးချခဲ့ကြောင်း မိမိတို့ အနေဖြင့် ကောင်းစွာ သင်ခန်းစာယူ ဆင်ခြင်သတိပြုမိခဲ့ပြီး ဖြစ်ပါသည်။ ၄။ ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေးဆိုင်ရာ ပြည်ထောင်စု၏ စံတန်ဖိုးနှင့်မျှော်ရည်ချက်များတွင် လူနည်းစုအခွင့်အရေး (Minority Rights)၊ စုံလင်ကွဲပြားမှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual Recognition)၊ သဟဇာတဖြစ်ခြင်းနှင့် မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာအားဖြင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (Non-Discrimination) အစရှိသည့် စံတန်ဖိုးများကို ချမှတ်သဘောတူထားကြပြီး ဖြစ်ပါသည်။ ၅။ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ကျင့်သုံးဆောက်တည်ပိုင်ခွင့် သည် မည်သည့်လူပုဂ္ဂိုလ်၊ အစုအဖွဲ့၏ လက်ဝေခံ ခွင့်ပြုပေးမှရမည့် အခွင့်အရေးမဟုတ်ဘဲ လူသားတိုင်း၏ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်ကြောင်း လေးနက်စွာ ဖော်ပြလိုပါသည်။ ၆။ အစ္စလာမ်ဘာသာဝင်များနှင့်တကွ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအားလုံး ကြုံတွေ့နေရ သည့် ခေတ်စနစ်ဆိုးများအား အပြီးတိုင် တိုက်ထုတ်ကာ ငြိမ်းချမ်းသော လူ့အသိုက်အဝန်းကို တည်ဆောက်ရင်းဖြင့် မဝေးသောအနာဂတ်တွင် မိမိတို့ရည်မှန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းနိုင်မည်ကို ယုံကြည်လျက် ဤသဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2023-04-22
Date of entry/update: 2023-04-22
Grouping: Individual Documents
Language:
Format : pdf
Size: 294.06 KB
more
Description: "၁။ အစ္စလာမ်ဘာသာဝင်များ၏ တစ်လတာ ဥပုသ်သီတင်းသီလဆောက်တည်ပြီးနောက် ယနေ့ကျရောက်လာသည့် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ အခါသမယတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ ရမဒွါန် ဥပုသ်ဆောက်တည်ခြင်း၏ အနှစ်သာရများသည် သက်ဝင်ယုံကြည်သူတို့ အတွက် ခန္တီတရားဖြင့် အပြစ်ဒုစရိုက်များကို ရှောင်ရှားလိုစိတ်အား ကျင့်သုံးဆောက်တည်ရခြင်း ဖြစ်သလို လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် စာနာနားလည်မှု၊ ကူညီဖေးမမှု၊ ကိုယ်ချင်းစာ တရား ထွန်းကားစေခြင်းဖြင့် အောင်မြင်သော၊ ငြိမ်းချမ်းသော တရားလမ်းကို ဖော်ဆောင်ခြင်း ဖြစ်ပါသည်။ ၃။ အာဏာလုစစ်ကောင်စီသည် လူနည်းစုဘာသာဝင်များအပေါ် ခေတ်အဆက်ဆက် မတရား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ၊ ရက်စက်ရမ်းကားမှုများ ကျူးလွန်ခဲ့ခြင်းများအပေါ် အမှန်တရားနှင့် တရားမျှတမှုပြန်လည် ရရှိရေးအတွက် တော်လှန်ရေးကာလပြီးနောက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ရှာဖွေရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားမည်ဟု ပြည်သူ့ညီလာခံကြီးက အတည်ပြုပြဋ္ဌာန်း ထုတ်ပြန်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာည်အတွင်း အတိအလင်း အာမခံချက်ပေးထားပြီးဖြစ်ပါသည်။ ၄။ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် တော်လှန်ရေးတစ်ရပ်ကို ဇွဲသတ္တိ ခံနိုင်ရည်အားဖြင့် ဘာသာလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးမှ တိုက်ပွဲဝင် ဖြတ်သန်းနေရသည်မှာ တစ်နှစ်ကျော် ကာလအတွင်း ဝင်ရောက်လာသကဲ့သို့ အောင်မြင်မှုပန်းတိုင်သို့လဲ တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ၅။ ယနေ့ကျရောက်သော အီဒုလ်ဖိသိရ် ဝါကျွတ်အီးဒ်နေ့ အခါသမယမှစ၍ ပြည်ထောင်စု သား အစ္စလာမ်ဘာသာဝင်များ အားလုံးအပေါ်သို့ အလ္လာရှင်မြတ်၏ မဟာဂရုဏာတော်နှင့် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကျရောက်ပါစေကြောင်း ဆုမွန်ပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။..."
Source/publisher: Committee Representing Pyidaungsu Hluttaw
2022-05-03
Date of entry/update: 2022-05-03
Grouping: Individual Documents
Language:
Format : pdf
Size: 218.19 KB
more
Description: "အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် အီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ် ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး ရွှင်လန်းချမ်းမြေ့ကြစေရန် ဦးစွာဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ အစ္စလာမ်ဘာသာဝင်များသည် နှစ်စဉ်နှစ်တိုင်း ရမဒွါန်လမြတ်အချိန်အခါ ကျရောက်တိုင်း ရိုဇာဥပုသ်သီလ ဆောက်တည်ခြင်း၊ အလ္လာဟ်အသျှင်မြတ်ထံတော်ပါး ဝတ်ပြုဆုတောင်းခြင်းနှင့်အတူ နွမ်းပါးသူများအား ဖေးမကူညီလှူဒါန်းခြင်းစသည့် ကောင်းမှုသီလများအား ဆောက်တည်ကြ ကြောင်းသိရသည်။ ယင်းကဲ့သို့ တစ်လတိုင်တိုင် ဥပုသ်သီလယူသူများအတွက် ဝါတွင်းကာလ ကုန်ဆုံး ပြီးနောက် ပျော်ရွှင်ချမ်းမြေ့စရာ ဝါကျွတ်ပွဲတော်ဖြစ်သည့် အီဒုလ်ဖိသိရ်အိးဒ်ပွဲတော်ကို ဆင်နွှဲကြကြောင်း သိရသည်။ အဆိုပါ အီဒုလ်ဖိသိရ်အိးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသည် စားဖွယ်ရာအစုံအလင်အား ချက်ပြုတ်၍ ဘာသာလူမျိုး မတူသူများအား ဖိတ်ခေါ်၊ ပေးပို့ ဧည့်ခံခြင်းမှာလည်း မြန်မာအစ္စလာမ်တို့၏ ချစ်စရာကောင်းလှသည့် အစဉ်အလာဓလေ့တစ်ခုဖြစ်သည်။ သို့သော် ယခုအချိန်သည် အမိမြန်မာနိုင်ငံအား စစ်အာဏာရှင်တို့က အဓမ္မအာဏာသိမ်းယူကာ ပြည်သူပြည်သားများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ နိုင်ထက် စီးနင်းပြုခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးမှလည်း အကြမ်းဖက်စစ်တပ်အား ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးကာလလည်း ဖြစ်သည်။ ထိုပြည်သူ့တော်လှန်ရေးအတွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များလည်း ပြည်သူ တစ်ရပ်လုံးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ တိုင်းပြည်အတွက် အသက်စွန့်တိုက်ပွဲဝင်နေကြကြောင်း သိရသည်။ ထို့အတူ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနေသည်မှာလည်း လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြားသိနေရသည်။ ဆက်လက်၍ စစ်အာဏာရှင်စနစ်အား အပြီးတိုင်တွန်းလှန်ကာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွင့်တူညီမျှပြီး ခွဲခြားဆက်ဆံမှုကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။ အချုပ်မှာ အီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ်ပွဲတော်နေ့ အချိန်အခါသမယတွင် အစ္စလာမ်ဘာသာဝင် များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။..."
Source/publisher: National Unity Government of Myanmar
2022-05-03
Date of entry/update: 2022-05-03
Grouping: Individual Documents
Language:
Format : pdf
Size: 355.76 KB
more
Description: "John Clifford Holt’s Myanmar’s Buddhist-Muslim Crisis: Rohingya, Arakanese, and Burmese Narratives of Siege and Fear makes a timely contribution to the growing literature on the Rohingya affairs in Myanmar. A scholar of Buddhist studies whose primary work is on Sri Lanka and Laos, Holt lends his expertise in the comparative analysis of Myanmar’s ongoing ethno-religious turmoil among Bamar Buddhists, Arakanese (or Rakhine), and Rohingya with its neighboring, predominantly Buddhist countries, Thailand and Sri Lanka. In addition to a thorough historical context that introduces Buddhism on a global scale, the narratives in the book are organized based on three geographical locations in Myanmar: Yangon (Part One), Arakan (Part Two), and Mandalay (Part Three) because “many of the referents within the discussions are locale, and [his] conversational partners were steeped in those specific concerns” (p. xvi). Holt provides a disclaimer in the Preface that his limited linguistic skills in Burmese led him to conduct the interviews primarily in English. The author notes that interviewees’ command in English indicates their well-educated backgrounds, and therefore, the narratives in the book are by no means “representative of most Rohingya, Arakanese, and Burmese” (p. xii). While I appreciate the disclaimer about the possible limitations of the author’s interviewees, it is also important to keep those of the author’s own (lack of linguistic command in local languages) and his researcher positionality (Sri Lanka as his primary field of study) in mind when reading this book. The book is accessible with little to no academic jargon. The interlocutors’ narratives are coherently interlaced with the author’s own reflexive thoughts. The kaleidoscopic nature of narratives situated in three different cities offers much needed context that is nuanced, and provides first-hand perspectives for any layperson who is concerned with Myanmar’s Buddhist-Muslim conflict, but exasperated by the over-generalized and sensationalized nature of news media stories about the topic..."
Creator/author:
Source/publisher: " Teacircleoxford" (Yangon)
2020-01-09
Date of entry/update: 2020-01-13
Grouping: Individual Documents
Language:
more
Description: "Myanmar, formerly known as Burma, officially The Republic of The Union of Myanmar is one of the Southeast Asia countries. Myanmar is the 40th largest country in the world as well as the second largest country in Southeast Asia. Myanmar is also the 24th most populous country in the world with over 53.9 million people. Myanmar is the pluralist country in which many different ethnic groups with different religions are living together however its majority race is Myanmar; formerly known as Burmese or Barman and majority confesses in Buddhism. According to the Myanmar official statistics, the main religions of the country are Buddhist 89.2%, Christianity 5%, Islam 3.8%, Hinduism0.5%, Spiritualism 1.2% and other 0.2% however the World Factbook of CIA shows Buddhist 89%, Christian 4%, Muslim 4%, Animist 1% and other 2% of the population..."
Creator/author: Marlar Than Aung
Source/publisher: Academia.edu, Peer Articles, International Islamic University Malaysia, Ahmad Ibrahim Kulliyyah of Laws,
Date of entry/update: 2015-06-15
Grouping: Individual Documents
Category: Islam
Language: English
Format : pdf
Size: 190.19 KB
more
Description: "As the focus sharpens on Southeast Asia?s role in the war against terror, many of the region?s Muslims worry that authorities are missing the point..."
Creator/author: Irrawaddy Contributors
Source/publisher: "The Irrawaddy" Vol. 11, No. 1
Date of entry/update: 2003-06-03
Grouping: Individual Documents
Category: Islam
Language: English
more