Laws, decrees, bills and regulations relating to illegal drugs (commentary)

expand all
collapse all

Individual Documents

Description: "မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီ တိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင် မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်း အပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများ ရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန အကြီးအမှူးဖြစ်သူ ရဲမှူးကြီး မြင့်အောင်က ပြောကြားရာတွင် ?[မူးယစ်ဆေးဝါးသုံးစွဲမှု] ကို ရာဇဝတ်မှုပုံစံမျိုးထက် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ကိုင်တွယ်လုပ်ဆောင်ရန်” အတွက် ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲများဖော်ဆောင်ရန် စဉ်းစားနေပါသည်ဟု ယမန်နှစ်က မှတ်ချက်ပေးခဲ့ပါသည်။၁ များမကြာသေးမီကာလက တပ်မတော်မှ ခန့်အပ်ထားသည့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်စိုးက လွှတ်တော်အမတ်တစ်ဦးအား ?တားဆီးကာကွယ်ရေးနဲ့ တရားရေးဆိုင်ရာ မဟာဗျုဟာတွေက မူးယစ်ဆေးပြဿနာတွေကို ဖြေရှင်းဖို့ မလုံလောက်တဲ့အတွက် စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့ပါသည်။..."
Creator/author: Renaud Cachia
Source/publisher: Drug Policy Advocacy Group via Transnational Institute (TNI)
2017-10-12
Date of entry/update: 2018-01-06
Grouping: Individual Documents
Language: Burmese (မြန်မာဘာသာ)
more
Description: "A draft bill amending Myanmar 1993 Narcotic Drugs and Psychotropic Substances Law was published in newspapers in March 2017 for public consultation. It was subsequently discussed in the upper house of Parliament (Amyothar Hluttaw) on 16 August 2017. The draft bill introduces important changes to Myanmar drug law. Most significantly, it intends to place public health at the heart of the country?s drug control strategy, and lengthy prison penalties for drug use have been eliminated to facilitate access to health services for drug users. This is a positive improvement and must be applauded as a progressive measure. Nevertheless, the draft bill also contains a number of shortfalls that could be addressed with a few basic, although fundamental, adjustments. This paper thoroughly analyses the draft bill, and looks in detail at its provisions in the light of UN drug control treaties, international human rights norms, and the latest evidence and international best practices. We hope that this document will be a useful tool for members of the Government, Members of the Parliament, and other policy makers who are taking part in the drug law and policy reform processes in Myanmar. In this way we believe it can help further improve the current legislation..."
Creator/author: Drug Policy Advocacy Group
Source/publisher: Drug Policy Advocacy Group via Transnational Institute (TNI)
2017-11-29
Date of entry/update: 2017-12-29
Grouping: Individual Documents
Language: English
Format : pdf
Size: 217.57 KB
more
Description: "၂၀၁၇ ခုနှစ် မတ်လအတွင်း ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို အများပြည်သူဝေဖန် အကြံပြုနိုင်ရန် သတင်းစာ၌ ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ပြင်ဆင်ချက်ဥပဒေကြမ်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက် နေ့တွင် အမျိုးသားလွှတ်တော်၌ အဆိုပြုတင်ပြခဲ့ပြီးဖြစ်သည်။ ဥပဒေမူကြမ်း၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဥပဒေအတွက် အရေးကြီးသည့် အပြောင်းအလဲများကို မိတ်ဆက်တင်ပြထားသည်။ အထင်ရှားဆုံးအချက်တစ်ခုအနေဖြင့် တိုင်းပြည်၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမဟာဗျူဟာ ဗဟိုချက်နေရာ၌ အများပြည်သူ၏ကျန်းမာရေးကို ဦးစားပေးရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိလာစေရန် ပံ့ပိုးကူညီသည့် အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုကို ပယ်ဖျက်ပေးခဲ့သည်။ ဤအချက်များက အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုလျက်ရှိသဖြင့် ခေတ်မီ သည့် အရေးယူဆောင်ရွက်ချက် တစ်ရပ်အဖြစ်ချီးကျူးဂုဏ်ပြုသင့်ပါသည်။ သို့ပါသော်ငြားလည်း ဥပဒေမူကြမ်း၌ အခြေခံကျပြီး မရှိမဖြစ်အရေးပါသည့် အောက်ခြေအပြောင်းအလဲအနည်းငယ် ပြုလုပ် ရုံမျှဖြင့်ကိုင်တွယ်ဖြေရှင်းနိုင်သည့် လိုအပ်ချက်အချို့ပါဝင်နေဆဲဖြစ်သည်။ ဤစာတမ်းသည် ဥပဒေပြဋ္ဌာန်းချက်များ၏ အသေးစိတ်အချက်အလက်များကို ကုလသမဂ္ဂ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ပဋိဉာဉ်သဘောတူစာချုပ်များ၊ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းများ၊ မျက်မှောက်ခေတ် အထောက်အထားများ၊ အကောင်းဆုံးနိုင်ငံတကာအလေ့အထများနှင့် နှိုင်းယှဉ် သုံးသပ်၍ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ ဤ စာတမ်းသည် မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၌ ပါဝင်ဆောင် ရွက်လျက် ရှိသည့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားမူဝါဒချမှတ်သူများအတွက် အသုံးဝင် သည့် ကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ဤနည်းအားဖြင့် လက်ရှိဥပဒေ ပြဋ္ဌာန်းချက်များ တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။..."
Creator/author: Drug Policy Advocacy Group
Source/publisher: Drug Policy Advocacy Group via Transnational Institute (TNI)
2017-11-29
Date of entry/update: 2017-12-29
Grouping: Individual Documents
Language: Burmese (မြန်မာဘာသာ)
Format : pdf
Size: 3.59 MB
more
Description: "Myanmar is better known for its serious drug problems - including large-scale illicit drugs production and trafficking and high rates of heroin use - than for implementing progressive drug policies that prioritise the health of its population. However, this could change in the near future. Last year, Police Colonel Myint Aung, head of the International Department of the Central Committee for Drug Abuse Control (CCDAC), commented in an interview that legislative changes were being considered to ?make [drug use] a health issue, rather than a criminal one”.[1] More recently, Major General Aung Soe, the military-appointed deputy Minister for Home Affairs, declared to a Member of the Parliament that ?prevention and judicial strategies are not enough to solve drug problems,” and that ?the economy, social affairs, health and development must [also] be taken into consideration”..."
Creator/author: Renaud Cachia
Source/publisher: Transnational Institute (TNI)
2017-11-06
Date of entry/update: 2017-12-28
Grouping: Individual Documents
Language: English
more
Description: "This report reviews Myanmar?s drug laws and related policies, including the 1917 Burma Excise Act; the 1993 Narcotic Drugs and Psychotropic Substances Law; and the 1995 Rules relating to Narcotic Drugs and Psychotropic Substances. Since these laws were enacted several important changes have taken place inside and outside of Myanmar. The decision of the Myanmar Government to review the law is not only timely but also offers a prospect to improve the drugs legislation and to ensure that the laws address drug-related problems in the country more effectively. It is an opportunity to ensure that affected populations have access to health care and development, taking into account both national conditions and international developments and best practices. This review paper will first give an overview of Myanmar?s current legal and policy framework related to drugs, followed by an overall analysis. After that it will make specific comments on a number of key articles. In addition, the review will outline some international obligations and best practices. Finally, the paper will make some overall conclusions and recommendations..." "ဤအစီရင်ခံစာသည် ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေ တို့အပါအဝင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် မူဝါဒများကို ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ အဆိုပါဥပဒေများ စတင်အသက်ဝင် ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာ၌ အရေးပါသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ဥပဒေကို စိစစ်ပြင်ဆင်မည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်သည် အချိန်ကိုက်ဖြစ်ရုံမျှမက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များကို ပိုမိုတိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ဖော်ထုတ် ပေးပြီးမြန်မာနိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာ ရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဥပဒေများပေါ်ပေါက်လာ အောင်အထောက်အကူပြုလျက်ရှိသည်။ ပြည်တွင်းအနေအထားများ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အကောင်းဆုံးအလေ့အထများကို ထည့်သွင်းပေါင်းစပ်၍ မူးယစ်ဆေးဝါးကြောင့် ထိခိုက်ခံစားရလျက်ရှိသည့် လူထုအတွက် လိုအပ်လျက်ရှိသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် ဖွံ့ဖြိုးရေးအကူအညီများကို လက်လှမ်းမီအသုံးပြု နိုင်အောင် ဆောင်ရွက်ပေးနိုင်မည့် အလားအလာကောင်းတစ်ရပ်ဖြစ်သည်။ ဤဆန်းစစ်သုံးသပ်ချက်စာတမ်း၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မြန်မာ နိုင်ငံ၏ တည်ဆဲဥပဒေနှင့် မူဝါဒရေးရာမူဘောင်နှင့် ပတ်သက်၍ ခြုံငုံဆန်းစစ်ချက် အကျဉ်းပါရှိသည့် ယေဘုယျသုံးသပ်ချက်ဖြင့် စတင်ထားပါသည်။ ထို့နောက် ဥပဒေပါ အချို့သောပုဒ်မများအပေါ် အသေးစိတ်စိစစ်သုံးသပ်ချက်များဖြင့် ဆက်လက်ရှင်း လင်းဖော်ပြထားပါသည်။ ထို့ပြင် ဆန်းစစ်သုံးသပ်မှုအတွင်း နိုင်ငံတကာတာဝန်ဝတ္တရား များနှင့် အကောင်းဆုံးအလေ့အထများကိုလည်း မီးမောင်းထိုးပြထားပါသည်။ နောက်ဆုံး အနေဖြင့် စာတမ်းအဆုံးပိုင်း၌ နိဂုံးချုပ်သုံးသပ်ချက်များနှင့် အကြံပြုထောက်ခံချက် အချို့ကို သုံးသပ်တင်ပြထားပါသည်။...."
Creator/author: Martin Jelsma, Ernestien Jensema, Nang Pann Ei Kham, Tom Kramer, Gloria Lai, Tripti Tandon
Source/publisher: Transnational Institute (TNI)
2015-02-00
Date of entry/update: 2015-02-16
Grouping: Individual Documents
Language: English & Burmese (မြန်မာဘာသာ)
Format : pdf
Size: 200.85 KB
more